အင်တာမီလန်အသင်းက ဆီမြွန်နီ အင်ဇာဂီကို အသင်းနည်းပြအဖြစ် ခန့်အပ်

အီတလီစီးရီးအေချန်ပီယံ အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အသင်းမှ ထွက်ခွာသွားသော နည်းပြ အန်တိုနီယို ကွန်တီ၏နေရာကို ဆီမြွန်နီ အင်ဇာဂီဖြင့် အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အင်တာမီလန်အသင်းသည် အသက် ၄၅ နှစ်အရွယ်ရှိ အင်ဇာဂီကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

အင်ဇာဂီသည် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် မေလအထိ လာဇီယိုအသင်းကို တာဝန်ယူ ကိုင်တွယ် ခဲ့ပြီး ကိုပါအီတာလီယာဖလားတစ်ကြိမ်နှင့်  အီတလီစူပါဖလားကို နှစ်ကြိမ်ဆွတ်ခူး ပေးထားနိုင်သည်။ ထို့အပြင် အင်ဇာဂီသည် ကစားသမားဘဝတွင်လည်း လာဇီယိုအသင်းနှင့်အတူ စီးရီးအေ အမှတ်ပေး ဖလား၊ ကိုပါအီတာလီယာဖလား၊ အီတလီစူပါဖလားနှင့် ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ဆွတ်ခူးထားသူ ဖြစ်သည်။ ထို့ကြောင့် အင်ဇာဂီအနေဖြင့် အင်တာမီလန်အသင်းကို အောင်မြင်မှုများစွာ ဆွတ်ခူးပေးသွားနိုင်မလားစောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်