ဧရာဝတီ မတ် ၁၁

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲလွမ်းသီးနှံများကိုလည်း မြို့နယ်အတွင်း ၈၉၇၈ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ပဲလွမ်းသီးနှံကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး သုံးလကျော်ခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ပဲလွမ်းအဖြူမျိုးများကို စိုက်ပျိုးကြကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ ခူးဆွတ်ခြွေလှေ့ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်ကိုးသိန်းခန့် ကုန်ကျပြီး ပျမ်းမျှတင်း ၂၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အင်္ဂပူမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကာ တောင်သူများ အကျိုးအမြတ် ရရှိကြကြောင်း သိရသည်။

 

DOCA (အင်္ဂပူ)