အင်္ဂပူ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာ၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းကို မေ ၈ ရက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းရင်နှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ စိစစ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


