အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှု ကွင်းဆင်းစစ်ဆေး

အင်္ဂပူ နိုဝင်ဘာ၊ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများ စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေး ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ဆန်စက်များ အရေးပေါ်မီးလောင်မှု ဖြစ်ပွားပါက ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိ /မရှိစစ်ဆေးခြင်း၊ ရေလုံလောက်စွာ ရရှိရေးအတွက် အုတ်ရေလှောင်ကန်များ ထားရှိခြင်းရှိ /မရှိ၊ စက်ရုံမီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း ရှိ / မရှိ၊ အရေးပေါ်မီးလောင်မှု ဖြစ်ပွားလာပါက စက်ရုံပရဝဏ်အတွင်း မီးသတ်ယာဉ်ဝင်ရောက်နိုင်မှုရှိ / မရှိ စသည့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခဲ့ပြီး လိုအပ်သည့် မီးသတိပြုရေး ကိစ္စရပ်များအား သက်ဆိုင်ရာလုပ်ငန်းရှင်ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)

 

mdn