အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းမှန်လက်ဆေးခြင်း သရုပ်ပြ

အင်္ဂပူ  ၂   ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊အင်္ဂပူမြို့ မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)တွင် ဧပြီ ၂ ရက်နေ့နံနက်ပိုင်းက နည်းလမ်း မှန်လက်ဆေးခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့သည်။

 

‌ေ

 

အဆိုပါ နည်းလမ်းမှန်လက်ဆေးခြင်းကို မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်စိုးစိုးမာ က ဘဏ်သို့ လာရောက်ကြသော ပြည်သူများအား လက်ဆေးခြင်းကို သရုပ်ပြခဲ့ကြောင်းနှင့် ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနိုင်ရေးတို့အတွက် ဘဏ်သို့ငွေသွင်း၊ ငွေထုတ်လာရောက်ကြသော ပြည်သူများအား မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၏ ပံ့ပိုးမှုနှင့်အတူ အင်္ဂပူဘဏ်ခွဲဝန်ထမ်းများ၏ စေတနာဖြင့်ပူးပေါင်း၍ လက်ဆေးဘေစင်၊ Hang Gel များထားရှိပေးခြင်း၊ ဝန်ထမ်းများအား face mask များတပ်ဆင်၍ ငွေသွင်းငွေထုတ်လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် လူများစုပြုံမှုမရှိစေရေး စနစ်တကျ နေရာချထားခြင်းများဆောင်ရွက်ထားရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မန်းကျော်(ပြန်/ဆက်)