အင်ဒိုနီးရှားနိုင်ငံ၌ ယာဉ်များဆင့်တိုက်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး

ဇွန် ၈

 

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်တွင် ယမန်နေ့က ယာဉ်များဆင့်တိုက်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြားလူအများအပြားဒဏ်ရာရရှိခဲ့သည်။

 

မြေကြီးများသယ်ဆောင်လာသော ထရပ်ကားတစ်စီးသည် တောင်ဘက်ခြမ်းမှ လမ်းကြောင်းပြောင်းမောင်းနှင်ခဲ့ရာမှ ယာဉ်များဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထရပ်ကားတိမ်းမှောက်သွားသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့အကြီးအကဲက ဆိုသည်။

 

အဆိုပါယာဉ်မတော်တဆမှုကြောင့် မီနီဘတ်စ်မောင်းသူနှင့် ရှေ့ထိုင်ခုံတွင်ထိုင်နေသောခရီးသည်တစ်ဦးတို့ သေဆုံးခဲ့သည်။

 

ပျက်စီးနေသောထရပ်ကားကိုဖယ်ရှားရန် အချိန်လေးနာရီကြာမြင့်ခဲ့သဖြင့် အတန်ကြာယာဉ်အသွားအလာ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

 

ထိုယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို