ဂျကာတာ   ဇွန်   ၁၁

အင်ဒိုနီးရှားနိုင်ငံသည် ဘာလီအပန်းဖြေကျွန်း၌ အမှိုက်အမျိုးအစားခွဲခြားရေးအတွက် အမျိုးသားအဆင့် စမ်းသပ်စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။

ယခုဆောင်ရွက်သည့်စီမံကိန်းအရ ယခုနှစ် ဇူလိုင် ၁ ရက်မှစ၍ ဒေသခံအားလုံးသည် ၎င်းတို့၏ အမှိုက်များကို အမျိုးအစားခွဲရန် လိုအပ်ကြောင်း သိရသည်။

ခိုင်မာသော ဒေသဆိုင်ရာအစိုးရမူဝါဒများ၊ ဗဟိုအစိုးရ၏ အခြေခံအဆောက်အအုံပံ့ပိုးမှုနှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများ၏ တက်ကြွစွာပါဝင်မှုတို့အရ ဘာလီဒေသကို  အရှေ့တောင်အာရှတွင် အမှိုက်စွန့်ပစ်မှု လုံးဝမရှိစေရန်   အမှန်တကယ်အကောင်အထည်ဖော်သည့် ပထမဆုံးခရီးသွားနေရာဖြစ်လာစေနိုင်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မော့ဂျူမာဟီဒီယက်က ပြောကြားသည်။

အော်ဂဲနစ်အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်ခဲ့သည့်ဆောင်ရွက်ချက်ကြောင့် ဒန်ပါဆာနှင့် ဘာဒေါင်းတို့၏ အဓိကအချက်အချာကျသော နေရာများတွင် အမှိုက်ပမာဏကို ရက်သတ္တအနည်းငယ်အတွင်း ၆၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ