အင်ဒိုနီးရှားနိုင်ငံ အရှေ့ကာလီမန်တန်ပြည်နယ်ရှိ ရေနံချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

 

ဂျကာတာ မေ ၁၇

အင်ဒိုနီးရှားနိုင်ငံ အ‌ရှေ့ ကာလီမန်တန်ပြည်နယ် ဘာလစ်ပါပန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံပိုင် PT Pertamina ရေနံချက်စက်ရုံ၌ မေ ၁၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာလီ မန်တန်ပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံးမှ အကြီးအကဲ မာကီအနော် ကာကီတာက ပြောကြားသည်။

 

အဆိုပါဖြစ်စဉ်အတွင်း ဒဏ်ရာ ရရှိသူ ငါးဦးအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း ၎င်းက ပြောကြားသည်။  အဆိုပါစက်ရုံအတွင်းရှိ ရေနံသန့်စင်ရေးစက်ရုံမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို အချိန်တစ်နာရီအတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ရေနံထုတ်လုပ်ရေး လုပ်ငန်းများ နှောင့်နှေးမှုမဖြစ်စေရန် အချိန်နှင့်တစ်ပြေးညီ အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ