အင်ဒိုနီးရှား အနောက်ပိုင်း၌ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် မထုတ်ပြန်

၇ ဇူလိုင်

 

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း အလယ်ပိုင်းတွင် ယနေ့ နံနက်ပိုင်းက အင်အား ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ ဖြစ်ပေါ်မည့် အလားအလာ မရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသနှင့် ဘူမိဗေဒအေဂျင်စီက ပြောကြားခဲ့သည်။

 

 

ငလျင်ကြောင့် ထိခိုက်သေဆုံးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးမှု စာရင်းများနှင့် ပတ်သက်ပြီး ကနဉီး အစီရင်ခံစာများ မရရှိခဲ့ကြောင်း ဒေသန္တရ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားခဲ့သည်။

 

 

အင်ဒိုနီးရှား နိုင်ငံ၏ ဒေသန္တရ စံတော်ချိန် အင်္ဂါနေ့ နံနက် ၅ နာရီ ၅၄ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျာပါရာခရိုင် အနောက်မြောက်ဘက် ၅၃ ကီလိုမီတာနှင့် ပင်လယ်ရေ မျက်နှာပြင်အောက် ၅၇၈ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

 

ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခြင်း မရှိကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။

 

 

ငလျင်၏ ဗဟိုချက်ဖြစ်သည့် ဂျာပါရာခရိုင်တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ဒဏ်ရာရရှိသူများ မရှိကြောင်း ဂျာပါရာခရိုင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ၏ အတွင်းရေးမှူးဖြစ်သူ အေပရီလာ အီဆာဝတီက ဆင်ဟွာသို့ပြောကြားခဲ့သည်။

 

 

အဆောက်အဉီများမှာ ပျက်စီးမှု မရှိသည့်အတွက် လူများမှာလည်း ထိတ်လန့်မှုမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

 “ပစိဖိတ်မီးလောင်ကွင်း” ဟုခေါ်ဆိုသည့် ငလျင်ကြောပေါ် တည်ရှိနေသောကြောင့် အင်ဒိုနီးရှား နိုင်ငံက မြေငလျင် လှုပ်ခတ်မှုများ မကြာခဏ ကြုံတွေ့ခဲ့ရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်