အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော် ၂၁ မေ

 

၂၀၂၂ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၄)မိနစ်၊ (၀၇)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထန်တလန်မြို့၏ မြောက်ဘက် (၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၃)ဒီဂရီ၊ အနက် (၃၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုး/ဇလ