နေပြည်တော် နိုဝင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊  ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး တပ်ကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ အလှူရှင်များနှင့် စာရေး ဆရာ ရဲမွန်ကျော်တို့အား  ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်းပေးအပ်ပြီး တပ်ကုန်းမြို့ နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် စာရေးဆရာ ရဲမွန်ကျော်ကက စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။

 

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်း ရည်ပြိုင်ပွဲများ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ဗလာစာအုပ်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ ကျောင်းသား ကျောင်းသူများ၏ စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက် အတွက် သုတရသ စာအုပ်စာစောင်များ ထောက်ပံ့လှူဒါန်းသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့၊ အောင်ဆန်းခန်းမ၌ ကျင်းပသည့် ရေဘေးသင့် ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်၍ ရေဘေးသင့်ပြည်သူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)