အမ်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံ

အမ်း မေ ၂၃

 

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မေ ၂၃ ရက် နံနက်ပိုင်းက စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံလျက်ရှိသည်။

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင် ရွက်ပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးသည်။

 

အမ်းမြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းအပါအဝင် အခြေခံပညာကျောင်း ၂၂၃ ကျောင်းရှိရာ အထက ၁၁ ကျောင်း၊ အထက(ခွဲ) ၁၁ ကျောင်း၊ အလက  ၂၇ ကျောင်း၊ အလက(ခွဲ) ၂၈ ကျောင်း၊ (မူလွန်) ၃၅ ကျောင်း၊ အမက ၆၅ ကျောင်း၊ အမက(ခွဲ) ၄၁ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သုံးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)