နေပြည်တော် နိုဝင်ဘာ ၈

 

နေပြည်တော်တွင် ၂၀၂၄ခုနှစ်  ဒီဇင်ဘာ၉ရက်မှ ၂၀ရက်  အထိ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် အားကစားနည်း  ၅မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီးနှင့် ပြေးခုန်ပစ် အားကစားနည်းများ ဖြစ်ကြောင်း သိရသည်။

 

ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း၅မျိုးတွင် နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမား စုစုပေါင်း (၆၉)ဉီးပါဝင်မည်ဖြစ်သည်။ ယခုကျင်းပမည့်  ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာန အဆင့် အားကစားနည်း (၆)မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစား နည်း (၂၃) မျိုးနှင့် မသန်စွမ်း အားကစားသမားများအတွက် အားကစားနည်း(၄)မျိုး ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)