အမေရိကန်တွင် ကိုဗစ် - ၁၉ ကြောင့် ဆေးရုံတက်ရသည့်လူငယ်အရေအတွက်ပိုလာ

 

နယူးယောက် ဩဂုတ် ၁၅

အသက် ၃၀ နှင့် ၃၉ နှစ်ကြား ကိုဗစ်-၁၉ကြောင့် ဆေးရုံတက်ရသည့်လူနာအရေအတွက်မှာ အမေရိကန်တွင် မကြာသေးမီအချိန်အတွင်း များပြားလာသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ဖော်ပြချက်အရ သိရသည်။ ထို့ပြင် အသက် ၁၈ နှစ်အောက် ဆေးရုံတက်ရသည့် လူနာအရေအတွက်မှာလည်း ဆက်လက်များပြားနေဆဲပင်ဖြစ်သည်။

ဂျော်ဂျီရာ၊ တန်နက်ဆီ၊ တောင်ကာရိုလိုင်းနားနှင့် လူဝီစီယားနားပြည်နယ်တို့တွင် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသည့် ကလေးအရေအတွက်မှာ နှစ်ဆဖြစ်ခဲ့သည်။ ဖလော်ရီဒါမှာ တိုင်းပြည်အတွင်း ဆေးရုံတက်ရမှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု အမေရိကန် ကျန်းမာရေးနှင့်ဝန်ဆောင်မှုဌာန၏ ဖော်ပြချက်အရသိရသည်။

ဖလော်ရီဒါတွင် လူပေါင်း ၁၀၀၀၀၀ တွင် ၆၅ ဦးကျော်မှာ ကိုဗစ် -၁၉ ကြောင့် ဆေးရုံတက်နေရသည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသူ များပြားနေခြင်းမှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း လူနာ ၂၅၀၀ ကျော် နေ့စဉ်ထပ်တိုးနေသည်။

ဆင်ဟွာ