အမေရိကန်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် အစီအစဉ်ကို စတင်လိုက်ကြောင်း အိမ်ဖြူတော်ကြေညာ

ဝါရှင်တန် အောက်တိုဘာ ၂၂

 

အိမ်ဖြူတော်က အောက်တိုဘာ ၂၀ ရက် က အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများကို ကိုဗစ်-၁၉ ဖြန့်ကြက် ထိုးနှံပေးရန် အစီအစဉ်တစ်ခုကို စတင် လိုက်သော်လည်း အမေရိကန် အစား အသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှုအဖွဲ့ (အက်ဖ်ဒီအေ)က ကာကွယ်ဆေး သဘောတူညီချက်ကို ဆိုင်းငံ့ထားကြောင်း သိရသည်။

 

အက်ဖ်ဒီအေ၏ လွတ်လပ်သော အကြံပေးကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၆ တွင် လည်းကောင်း၊ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(စီဒီစီ)၏လွတ်လပ်သော အကြံပေးကော်မတီအစည်းအဝေး ကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ လည်းကောင်း ပြုလုပ်မည်ဖြစ်ရာ အောက်တိုဘာ ၂၁ ရက်က ဘိုင်ဒန် အစိုးရအဖွဲ့က အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ်ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုလိုက်သည် နှင့်တစ်ပြိုင်နက် ကာကွယ်ဆေးများ ကို လျင်မြန်စွာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်း မိသားစု အားလုံး တန်းတူညီစွာ ကာကွယ်ဆေး ရှိမည်ဖြစ်ကြောင်း အိမ်ဖြူတော် ကြေညာချက်တွင် ဖော်ပြထားသည်။

 

အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးများ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးနိုင်ရေးသည် အက်ဖ်ဒီအေ နှင့် စီဒီစီတို့၏လုပ်ငန်းစဉ်နှင့် ခွင့်ပြု ချိန်ပေါ်မူတည်ကြောင်း အိမ်ဖြူတော်က ပြောသည်။

 

စီဒီစီ၏ နောက်ဆုံးထောက်ခံချက် ထွက်လာပြီ ဆိုသည်နှင့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးများကို စတင်ထိုးပေး ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။

ဆင်ဟွာ