ဝါရှင်တန်   ဇန်နဝါရီ   ၂၃

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက  နိုင်ငံတောင်ပိုင်းနယ်စပ်ဒေသကို  ဘေးကင်းလုံခြုံအောင် တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မက္ကဆီကိုနယ်စပ်လုံခြုံစေရန်   တပ်ဖွဲ့ဝင်   ၁၅၀၀ စေလွှတ် သွားမည်ဖြစ်ကြောင်းနှင့်     တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို      နေရပ်ပြန်လည်ပို့ဆောင် နိုင်ရေးအတွက်   လေယာဉ်များ   ကူညီပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြား သည်။

အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်   တာဝန်ထမ်းဆောင်သည့်  ပထမဆုံးနေ့တွင်   တောင်ပိုင်း နယ်စပ်ကို နိုင်ငံ့အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အဆိုပါအရေးကိစ္စကို တုံ့ပြန်ဆောင်ရွက် သွားရန် ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဆန်ဒီယာဂို၊    ကယ်လီဖိုးနီးယား၊     တက္ကဆက်ပြည်နယ်    အယ်လ်ပါဆိုတို့တွင်    ထိန်းသိမ်းခံထားရသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅၀၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ရေးအတွက် စစ်လေယာဉ်များ စေလွှတ်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်     ဥပဒေနှင့်ဆန့်ကျင်သည့်   ကုန်ကူးမှုများကို တားဆီးရန် အတားအဆီးများ  တည်ဆောက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။

အမေရိကန်သမ္မတထရမ့်၏ ထိပ်တန်းဦးစားပေးကိစ္စရပ်များထဲမှ တစ်ခုသည် အမေရိကန်ကို နောက်တစ်ကြိမ်  ဘေးကင်းအောင်  လုပ်ဆောင်ရန်ဖြစ်သည်။     သမ္မတထရမ့်သည်    အမေရိကန် နယ်စပ်ဒေသများကို  လုံခြုံအောင်လုပ်ဆောင်ပြီး အမေရိကန်လူမှုအသိုက်အဝန်းကို ကာကွယ်ပေး ရန် ကတိပြုထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ