အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း လေးသန်းကျော် ရှိလာ

၂၄ ဇူလိုင်

 

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄ သန်း‌ကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။

 

 

ဇူလိုင်လ ၂၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ကူးစက်မှုသစ် ၇၂၀ဝ၀ အထိရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ရရှိသည့် ကိန်းဂဏန်များအရ သိရှိရသည်။

 

 

ဇူလိုင် ၂၃ ရက်နေ့အတွင်း အမေရိကန်နိုင်ငံ၌ ရောဂါကူးစက်ခံရသူပေါင်း ၄၀ဝ၇၀ဝ၀ နီးပါးသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

 

 

ဧပြီလ ၂၈ ရက်နေ့တွင် ရောဂါဖြစ်ပွားမှု အရေအတွက်မှာ တစ်သန်း ပြည့်မြောက်ခဲ့သည်။

 

 

ဇွန်လ ၁၀ ရက်နေ့တွင် ကူးစက်ခံရသူ နှစ်သန်းအထိ တိုးလာခဲ့ပြီးနောက် ဇူလိုင်လ ၈ ရက်နေ့ အရောက်တွင် သုံးသန်းကျော်အထိ  ရောက်ရှိခဲ့သည်။

 

 

ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းပြည့်ရန် အချိန် နှစ်ပတ်မျှသာ ကြာမြင့်ခဲ့သည်။

 

 

ဗုဒ္ဓဟူးနေ့အတွင်း လူ ၁၂၀ဝ ဦး ထပ်မံသေဆုံးခဲ့ရာ လူ ၁၀ဝ၀ ကျော် နှစ်ရက်ဆက်တိုက် သေဆုံးမှုဖြစ်လာခဲ့သည်။

 

 

တက္ကဆက်ပြည်နယ်တွင် သေဆုံးသူ ၂၀ဝ ခန့်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် သေဆုံးသူပေါင်း ၁၅၀ ခန့် ရှိပြီဖြစ်သည်။

 

 

တက္ကဆက်ပြည်နယ်တွင် လူပေါင်း ၁၀ဝ၀ဝ ကျော်မှာ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည်။ ဆေးရုံများရှိ အခြေအနေများသည် စစ်မြေပင်နှင့်အခြေအနေတူနေကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြနေကြသည်။

 

 

စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန်ကို ပြည်နယ်အတော်များများတွင် ဆိုင်းငံ့ထားလျက်ရှိသည်။  ပြည်သူအချို့က ခပ်ခွာခွာနေရန် စည်းမျဉ်းနှင့် မျက်နှာဖုံးများစွပ်ရန် ငြင်းဆန်လျက်ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်