အမေရိကန်နိုင်ငံတွင် ဝက်သက်ရောဂါ ပျံ့နှံ့နေသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာ

နယူးယောက်၂၈ မတ် 

 

နယူယောက်စီရင်စုတွင် ဝက်သက်ရောဂါ ပျံ့နှံ့နေသည့်အတွက်  အင်္ဂါနေ့က အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး  ကာကွယ်ဆေး ထိုးမထားသူများကို လူအများရှိတဲ့နေရာများသို့ သွာလာခွင့် ပိတ်ထားကြောင်း သိရသည်။ 

 

အဆိုပါကြေညာချက်အရ ဗုဒ္ဓဟူးနေ့ ညနေ ၁၂ နာရီတွင် စတင်အသက်ဝင်မှာဖြစ်ပြီး ရက် ၃၀ ကြာ ပိတ်ပင်ထားမှာ ဖြစ်သည်။ ဆေးနဲ့ မတည့်သောကြောင့် ဝက်သက်ကာကွယ်ဆေး ထိုးမရသူများနှင့် ကာကွယ်ဆေးထိုးရန် အသက်ငယ်လွန်းသည့် ကလေးငယ်များအနေဖြင့် လူစည်ကားတဲ့နေရာတွေကို သွားလာခွင့်မရကြောင်း သိရသည်။ 

 

နယူယောက်မြို့၏ မြောက်ဘက် ၂၅ မိုင်အကွာရှိ ရော့လန်းတွင် “လူအများစုဝေးရာနေရာ” ဆိုသည့် အဓိပ္ပါယ်အား လူ ၁၀ ထက်ပိုရှိသော နေရာတိုင်းနှင့် အများသုံးခရီးသွားယာဉ်များပါ အပါအဝင် ဖြစ်ကြောင်း  သတ်မှတ်ဖွင့်ဆိုထားသည်။ လူဦးရေ ၃ သိန်း ကျော် နေထိုင်သည့် ရော့လန်းတွင် ဝက်သက်ရောဂါရှိသူ ၁၅၃ ဦးရှိကြောင်း မှတ်တမ်းအရ သိရပြီး ဝက်သက်ရောဂါဟာ ၂၀ဝ၀ ခုနှစ်က ပျောက်ကင်းသွားပြီဖြစ်သည့် ရောဂါဖြစ်သည်။

 

ဝက်သက်ရောဂါ စတင်ဖြစ်ပွားခဲ့သည့်  ၂၀၁၈ ခုနစ် အောက်တိုဘာလကစပြီး ကာကွယ်ဆေးထိုးဖို့  လှုံဆော်ရာ ကာကွယ်ဆေးမထိုးဘူးသူ အရေအတွက်မှာ အသက် ၁ နှစ်မှ ၁၈ နှစ်အရွယ် အထိ ကလေးသူငယ် ၂၇ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ 

 

အမေရိကန်နိုင်ငံတွင် ပြည်နယ် ၅၀ မှာ ၄၇ ခုနှစ်ပြည်နယ်က ဘာသာရေးအရ ဆေးမထိုးလိုပါက မထိုးခွင့်ပြု ထားသော်လည်း ကလေးတိုင်း ကျောင်းတက်ရန် ကာကွယ်ဆေး မဖြစ်မနေထိုးရမည်ဖြစ်သည်။ ဘာသာရေးအရ ကာကွယ်ဆေး မထိုးခွင့်ပြုထားတဲ့ ပြည်နယ်ထဲမှာ နယူးယောက်လည်း အပါအဝင်ဖြစ်သည်ကို တွေ့ရသည်။

 

MDN
ကိုးကား -AFP