အမေရိကန်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်

ဝါရှင်တန် ၃၁ မေ

အမေရိကန်နိုင်ငံတွင် ဓာတ်ဆီဈေးမှာ တစ်ဂါလန်လျှင်သုံးဒေါ်လာဖြစ်ပြီး ယင်းသို့ ဈေးတက်သွားခြင်းမှာ ခုနစ်နှစ်အတွင်း ပထဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။ မေ ၂၄ ရက်တွင် တိုင်းပြည်အတွင်း ပျမ်းမျှ ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလန်လျှင် သုံးဒေါ်လာနှင့် နှစ်ဆင့် ဖြစ်သည်ဟု အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲမှုက ပြောသည်။

ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် တစ်ဒေါ်လာတက်သွားခြင်းဖြစ်ပြီး ယင်းသို့ဖြစ်ရခြင်းမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။ ယခုလအစောပိုင်းတွင် ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ပိုက်လိုင်းထုတ်လုပ်ရေးလုပ်ငန်းများ ဆိုင်းငံ့သွားပြီး ကုန်ကားသမားများအတွက် ဓာတ်ဆီပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည်။ ယင်းနှင့် ဆက်စပ်၍ ဓာတ်ဆီဈေး မြင့်တက်လာခြင်းဖြစ်သည်။

အမေရိကန်ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပေးပြီးဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လှုပ်ရှားလာကြသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ တိုင်းပြည်လူဦးရေ၏ တစ်ဝက်နီးပါးမှာ အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးပြီဟု သိရသည်။

အမေရိကန်တပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသူများအတွက် အမှတ်တရ အထိမ်းအမှတ်နေ့အဖြစ် သုံးရက်ရုံးပိတ်သည့်ကာလတွင် ပြည်နယ်များရှိလူများမှာ ခရီးသွားလာကြမည် ဖြစ်သည်။

အင်န်အိတ်ချ်ကေ