အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ခြောက်သန်းနီးပါး ရှိလာ

၃၁ ဩဂုတ်

 

 

အမေရိကန်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ တနင်္ဂနွေနေ့တွင် ခြောက်သန်း နီးပါး ရှိလာကြောင်း၊ ကမ္ဘာမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ရဲ့ လေးပုံတစ်ပုံ နီးပါးဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၅ ဒသမ ၉၉ သန်းရှိကြောင်း ဒီနေ့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ မှတ်တမ်းမှာ ပါရှိပြီး သေဆုံးသူဟာ ၁၈၃,၀၀၀ ကျော် ရှိကြောင်း ဖော်ပြထားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄ သန်းဖြစ်ပြီး ၁၇ ရက်အတွင်း လွန်ခဲ့တဲ့ သီတင်းသုံးပတ်က ၅ သန်း ဖြစ်သွားတာကို မှတ်တမ်းမှာ တွေ့ရပါတယ်။

 

 

ကမ္ဘာမှာ COVID-19 ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၈၅၅,၀၀၀ ဦး သေဆုံးသွားခဲ့ပေမယ့် အခုချိန်ထိတော့ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး သို့မဟုတ် အစွမ်းထက်တဲ့ ကုသခြင်း မရှိသေးတာကို တွေ့ရပါတယ်။

 

 

နိုင်ငံတကာက အစိုးရတွေက ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ရပ်ဆိုင်းအောင် အသွားအလာ ကန့်သတ်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေရေးကိုသာ လုပ်ဆောင်ခိုင်းနေ ရပါတယ်။

 

 

MDN

ကိုးကား - AFP