အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ ၈ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ထုတ်ပြန်

၅ စက်တင်ဘာ 

အမေရိကန်နိုင်ငံမှာ ဩဂုတ်လအတွင်း အလုပ်အကိုင် ၁ ဒသမ ၄ သန်း   ဖန်တီးပေးပြီးနောက် အလုပ်လက်မဲ့ဦးရေ  ကျဆင်းသွားပြီး ၈ ဒသမ ၄ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ဖြစ်ပွားနေတဲ့အတွက်ကြောင့် အလုပ်လက်မဲ့ဦးရေ ဟာ ဇူလိုင်လမှာ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိနေခဲ့ပါတယ်။

လက်ရှိ အလုပ်လက်မဲ့ဦးရေဟာ ဖေဖော်ဝါရီလ မှာရှိတဲ့ ဦးရေထက်တဲ့ များနေသေးကြောင်း သိရပါတယ်။ ဗိုင်းင်ရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် ဧပြီလက အိမ်မှာနေရန် အမိန့်ထုတ်ထားစဉ် အလုပ်လက်မဲ့ဦးရေဟာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အလုပ်အကိုင်ရရှိမှုမှာ တိုးတက်လာပေမယ့် နှေးကွေးနေဆဲဖြစ်သလို အဲဒီတိုးတက်မှုဟာ ရေရှည်မဖြစ်မှာကို စိုးရိမ်နေဆဲဖြစ်ပါတယ်။ 

စီးပွားရေးလုပ်ငန်းတွေ ပိတ်လိုက်ရတဲ့အတွက် မတ်လလယ်ကစပြီး အလုပ်မှ ရပ်နားခံရသူပေါင်း ၁၀ သန်းလောက်အထိ ရှိခဲ့ဖူးပါတယ်။ 

ဩဂုတ်လအတွင်း သီတင်းပတ်တိုင်းမှာ  ထောက်ပံ့ကြေးတောင်းခံခဲ့တဲ့ အလုပ်လက်မဲ့စာရင်းမှာ ထပ်တိုးအနေနဲ့ လူ တစ်သန်းလောက်က တောင်းခံတာကို တွေ့ရပါတယ်။ 


MDN
ကိုးကား- AFP