၁၁ ဇူလိုင်
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သောကြာနေ့ ၂၄ နာရီအတွင်းမှာ ၆၃,၆၄၃ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။
သောကြာနေ့မှာ သေဆုံးသူဟာ ၇၇၄ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁၃၃,၉၆၉ ဦးသေဆုံးကြောင်း သိရပါတယ်။
ကြာသပတေးနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၆၅,၅၅၁ ဦးတွေ့ရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေက သေဆုံးသူတွေ များပြားလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
အခုရက်ပိုင်းအတွင်း တက္ကဆက်နဲ့ ဖရော်ရေဒါပြည်နယ်တွေမှာ ဗိုင်းရပ်စ်သေဆုံးသူ အရေအတွက် များနေတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP