ဝါရှင်တန် မေ ၂၂

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အစ္စရေးသံရုံး ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရသည်ဟု ရဲဌာနက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွက် အသက် ၃၀ အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထား ကြောင်း ရဲများက ပြောသည်။ မေ ၂၁ ရက် ညပိုင်းက ဂျူးပြတိုက်အနီး၌ အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

သံရုံးဝန်ထမ်းနှစ်ဦးမှာ ပြတိုက်မှထွက်လာ စဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ထို့နောက် ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူသည် ပြတိုက်အတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့ရာ ရဲများက လိုက်လံဖမ်း ဆီးခဲ့သည်။

အဆိုပါပစ်ခတ်မှုမှာ ဂျူးလူမျိုးများအပေါ် မုန်းတီးမှုကို အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကအွန်လိုင်းပေါ်တွင် ရေးသားခဲ့သည်။ ထို့နောက် အမုန်းတရားနှင့် အစွန်းရောက်ဝါဒမှာ အမေ ရိကန်တွင် နေရာမရှိစေရဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ