အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီမှာ လုံခြုံရေးတပ်ဖွဲ့တွေ တင်းကျပ်စွာချထား

၁၅ ဇန်နဝါရီ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်ကို အစောင့်အရှောက်အဖြစ်ချထားပြီး  မြို့လယ်ကောင်မှာ အသွားအလာပိတ်ဆို့မှုတွေ ကြာသပတေးနေ့က စပြီး လုပ်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က  ကွန်ဂရက် လွှတ်တော်ကို သမ္မတထရမ့် ထောက်ခံသူတွေ ဝင်ရောက်စီးနင်း ပြီးနောက် ဂျိုးဘိုင်ဒန်ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ကြောင်း ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ကွန်ဂရက် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက အကြမ်းဖက် ဝင်ရောက်စီးနင်းမှုတွင် ထရမ့်မှာ  တာဝန်ရှိတယ်လို့ သံသယရှိတဲ့အတွက် အခုလို ရာထူးမှ ဖြုတ်ချရေး တရားစွဲရေးကို အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တရားစွဲရန် ဆုံးဖြတ်ချက်ပြီး  နောက်တစ်ရက်မှာ သံဆူးကြိုးတွေ ကာရံထားသလို အစောင့်အရှောက်တွေကို ပိုမိုချထားလာတာဖြစ်ပါတယ်။ 

ဝါရှင်တန်ရဲ့ အချက်အချာနေရာတွေကို ယာဉ်ကျေးပိတ်ဆို့မှု ကင်းရှင်းရေးတွေ သတ်မှတ်ထားပါတယ်။

National Mall တစ်ခုလုံးပိတ်ထားပြီး လျှို့ဝှက်လုံခြုံရေးဝန်ထမ်းတွေကိုလည်း ချထားကြောင်း သိရပါတယ်။

ထရမ့်ထောက်ခံသူတွေက လက်နက်တွေကိုင်ဆောင်ပြီး ဝါရှင်တန်မှာ လာမယ့်သီတင်းပတ်အတွင်း တိုက်ခိုက်လာ နိုင်တယ်လို့ လုံခြုံရေးအရာရှိတွေက သတိပေး ပြောဆိုထားပါတယ်။

လာမယ့်သီတင်းပတ်အတွင်း ဝါရှင်တန်မှာ နေထိုင်သူတွေအား သမ္မတကျမ်းကျိန်ပွဲ ဆင်နွှဲရေးထက် နေအိမ်တွေမှာ နေထိုင်ဖို့  တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

မြို့လယ်ရှိ ဟိုတယ်တွေ နဲ့ Airbnb လို တည်းခိုစရာနေရာတွေကိုလည်း သမ္မတကျမ်းကျိန်ပွဲကျင်းပမယ့် အချိန် အတွင်း ပိတ်ထားမယ်လို့ သိရပါတယ်။

ပြည်နယ်အချို့မှာလည်း ဇန်နဝါရီ ၁၆ မှ ၂၀ ရက်အတွင်း လုံခြုံရေးကို တာဝန်ယူဖို့ အမျိုးသားအစောင့်တပ်တွေ ချထားတာမျိုး လုပ်ဆောင်နေပါတယ်။

MDN

ကိုးကား - AFP