မန္တလေး  ၂  နိုဝင်ဘာ

မန္တလေး အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် မန္တလေးအလုပ်သမား ဆေးရုံကြီးအား ကိုဗစ်-၁၉ အတည်ပြုလူနာများ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အောက်တိုဘာ နောက်ဆုံးအပတ်မှ စတင်ပြင်ဆင်လျက်ရှိပြီး နိုဝင်ဘာလဆန်းမှစ၍ Covid-19 Positive လူနာများအား ကုသပေးသွားမည်ဖြစ်သည်။

 

မန္တလေး အလုပ်သမားဆေးရုံကြီးသို့ လာရောက်ပြသသည့် လူမှုဖူလုံရေး အကျုံးဝင်စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများမှ လာရောက်ပြသသည့် လူနာများသည် နိုဝင်ဘာ ၅ ရက်မှစတင်ပြီး ၁၂ လမ်း အောင်မြေသာစံမြို့နယ် လူမှုဖူလုံရေး ဆေးခန်းနှင့် ၃၅ လမ်း ဒေးဝန်းရပ် ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေး ဆေးခန်းသို့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သွားရောက်ပြသ၍ ဆေးများထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။     

မောင်ပြည်သူ(မန္တလေး)