နေပြည်တော် ၉ ဒီဇင်ဘာ
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ ပွဲစဉ်မှာ မြန်မာဘောလုံးအသင်းနှင့် ကမ္ဘောဒီးယား ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ (၁၀) ရက် မွန်းလွဲ (၂) နာရီ ခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အဆိုပါပွဲစဉ်အား ယင်းနေ့ မွန်းလွဲ (၂) နာရီမှစတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း သိရသည်။
(သတင်းစဉ်)