အကောင်ဆုံးစဉ်ဆက်မပြတ် စနစ်တကျ ဆောင်ရွက်နိုင်မှု(Best Processing Federetion -2019)ဆုကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ရရှိ

နေပြည်တော် ၂၄ ဧပြီ

 


အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတနိုင်ငံ (UAE)ဒူဘိုင်းမြို့၌ Asia Athletics Association Gala Dinner and Award ဆုပေးပွဲကို ဧပြီ၂၂ရက်က ကျင်းပခဲ့ရာ    အာရှပြေးခုန်ပစ်အဖွဲ့ချုပ် မှချီးမြှင့်သည့် ၂၀၁၉ ခုနှစ်လေးလတာကာလတွင် အကောင်ဆုံးစဉ်ဆက်မပြတ် စနစ်တကျ ဆောင်ရွက်နိုင်မှု(Best Processing Federetion -2019)ဆုကို မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှရရှိခဲ့ကြောင်း သိရသည်။ 

 


အဆိုပါ ဆုကို အာရှပြေးခုန်ပစ်အဖွဲ့ချုပ်မှ ပါမောက္ခချုပ် Ms.Dahlan AI-Hamadက ဆုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း ကိုယ်စား အထွေထွေ အတွင်းရေးမှူး ဦးကျော်ထူး အောင် လက်ခံရယူခဲ့ကြောင်း သိရသည်။

 


ဗလစိုး