အိုဆာဆူနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက အိုဆာဆူနာအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အိုဆာဆူနာအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၃၈ မိနစ်မှာ ဘူဒီမာက ပင်နယ်တီကနေ တစ်ဂိုး၊ မိနစ် ၉၀ မှာ ဂါစီယာက တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဒုတိယပိုင်းပွဲကစားချိန် ၇၃ မိနစ်မှာ ဗီနီစီးယပ် ဂျူနီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အိုဆူနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ရီယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဗီနီစီးယပ်ဂျူနီယာဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အဝေးကွင်းမှာ ပထမဆုံးဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ဗီနီစီးယပ်ဂျူနီယာအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ နောက်ဆုံး လေးပွဲမှာ သွင်းဂိုး ငါးဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အိုဆာဆူနာအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်း စပိန်လာလီဂါပွဲစဉ်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
အိုဆာဆူနာအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် (၂၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့်(၉) နေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အိုဆာဆူနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ် (၂၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက လီဗန်တေးအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၆၁ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ငွေကြယ်


