အိပ်မက်ဖော် စာအုပ်ထွက်ရှိ

၁ သြဂုတ်

 

လင်္ကာရည်ကျော် စီစဉ်ရေးသားသည့် အိပ်မက်ဖက် စာအုပ်ထွက်ရှိလာသည်။

 

5

 

တစ်မိသားစုနှင့် တစ်မိသားစု ဘဝလမ်းကြောင်းတစ်ခုကို အတူလျှောက်ကြပါစို့ဟု ရွေးချယ်လက်တွဲဖြစ်ရသည့် အကြောင်းရင်းမှာ သာမန်တိုက်ဆိုင်မှုတစ်ခုတော့ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဘဝအဆက်ဆက်က အတူတူ အိပ်မက်မက်ခဲ့ကြသည့် အိပ်မက်ဖော် အိပ်မက်ဖက်များဖြစ်ခဲ့ကြ၍သာ ဖြစ်ပါလိမ့်မည်။ ဘဝအဆက်ဆက်ဆိုတာ ဝေးလွန်းသည်ထား။ သက်သေပြဖို့ ခက်ခဲဦးမည်ထား။ သည်ဘဝတော့ အိပ်မက်တွေက တူခဲ့ကြတာ အသေအချာပဲလေ။ အိပ်မက်ဆိုးတွေ မက်ခဲ့ကြရတုန်းကလည်း အတူတူဆိုရင် ပျော်ရွှင်ကြည်နူးဖွယ်ရာ အိပ်မက်မက်ခွင့်ရရင်လည်း အတူတူပဲ ဖြစ်ရတော့မှာပေါ့ဟု ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်