အိပ်မက်ကောင်းတွေမက်စေသည့် Dream Catcher နှင့်လာဘ်ရွှင်စေသည့်ပန်းဆီမီးစာအုပ်ထွက်ရှိ

စာရေးသူ သက်နှင်းဆွေ (ပုပ္ပား) စီစဉ်ရေးသားသည့် အိပ်မက်ကောင်းတွေ မက်စေသည့် Dream Catcher နှင့် လာဘ်ရွှင်စေသည့် ပန်းဆီမီး စာအုပ်ထွက်ရှိလာသည်။

အဆိုပါစာအုပ်တွင် အိပ်မက်ဆိုးတွေကိုကာကွယ်ပေးပြီး အိပ်မက်ကောင်းတွေကို ဖမ်းယူပေးသည့် ထူးထူးခြားခြား အဆောင်များ၏အကြောင်း၊ ငွေဝင်စေရန်အတွက် လူအများဆောင်တတ်ကြသည့် အဆောင်လေးများ၏အကြောင်း၊ မျက်နှာပွင့်လန်းစေပြီး စီးပွားလည်းတက်စေသည့် မာတင်္ဂ အဆောင်အကြောင်းနှင့် အစွမ်းထက်မြက်လှသည့် မာတင်္ဂဂါထာအကြောင်း၊ ငွေကုန်ကြေးကျ သက်သာစေပြီး ငွေရေးကြေးရေး ပြေလည်စေသည့် ယတြာလေးတစ်ခု၏အကြောင်း၊ လာဘ်ရွှင်ငွေဝင်စေသည့် ပန်းဆီမီးလေး၏အကြောင်း ရေးသားထားသဖြင့် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

ကြေးမုံစာအုပ်စင်