အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၁၆၀၄ ဦး အထိ မြင့်တက်

၁၀ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၇၅ ဦး ထပ်မံသေဆုံးခဲ့ပြီး ထပ်မံကူးစက်ခံရသူ ၂၆၅၀၆ ဦး ရှိသည်။

 

 

နိုင်ငံအတွင်း ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် ၂၁၆၀၄ ဦးနှင့် ကူးစက်ခံရမှုပေါင်း ၇၉၃၈၀၂ ဦး ရှိလာကြောင်း အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကူးစက်ခံရပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ၄၉၅၅၁၃ ဦး ဆေးရုံများမှ ဆင်းခွင့်ရရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

 

ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုအချိန်တွင် နိုင်ငံအတွင်း ကူးစက်ခံရမှု အရေအတွက် ၂၇၆၆၈၅ ဦး ရှိသည်ဟု ဆိုသည်။

 

 

အိန္ဒိယ လေကြောင်း စောင့်ကြည့်ရေးဆိုင်ရာ လေကြောင်းညွှန်ကြားမှု ဦးစီးဌာနက အိန္ဒိယ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ် ပြေးဆွဲမှုကို ဇူလိုင် ၃၁ ရက်နေ့အထိ  ရပ်ဆိုင်းထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို