အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်မှု တစ်သန်းနီးပါး ရှိလာ ကန့်သတ်မှု အစီအမံများ ချမှတ်သွားမည်

၁၇ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်နေ့တွင်  ကိုဗစ်-၁၉ ဖြစ်ပွားသူ အရေအတွက် ၁ သန်းနီးပါးနှင့် သေဆုံးသူ ၂၅၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် အချက်အလက် များအရ သိရသည်။

 

 

တိုင်းပြည်အတွင်း နေ့အလိုက် ရောဂါကူးစက်မှု အရေအတွက်မှာ ယမန်နေ့က စံချိန်တင် မြင့်တက်လာခဲ့သည်။

 

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နေရာများအတွင်း ကန့်သတ်ချက်များ ဆက်လက်တည်ရှိ နေသေးသော်လည်း နိုင်ငံအတွင်း ဖြေလျော့မှု အဆင့်နှစ်သို့ လျော့ချပေးခဲ့သည်။

 

 

အိန္ဒိယနိုင်ငံသို့ အသွား၊ အပြန် ပြုလုပ်မည့် ခရီးသည်တင် လေယာဉ်များကို ဇူလိုင် ၃၁ ရက်နေ့အထိ ဆိုင်းငံ့ထားသည်။

 

 

ပြီးခဲ့သည့် အပတ်က လူဉီးရေအများဆုံး ပြည်နယ်ဖြစ်သည့် အူတာပရာဒေ့ရှ်ပြည်နယ် အစိုးရသည် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ရန်အတွက် တစ်ပတ်တိတိ ပိတ်ဆို့မှုပြုလုပ်မည်ဖြစ်သည်။

 

 

အိမ်နီးချင်းဖြစ်သည့် ဘီယာပြည်နယ်တွင်လည်း ဇူလိုင် ၁၆ ရက်မှ စတင်ပြီး ဇူလိုင် ၃၁ ရက်နေ့အထိ အသွားအလာ ကန့်သတ်မှု အစီအမံများ ချမှတ်သွားမည်ဖြစ်သည်။

 

နေ့စဉ်ကူးစက်မှု အသစ်များ တိုးပွားလာလျက်ရှိသဖြင့် နိုင်ငံအတွင်းရှိ အခြားပြည်နယ်များကိုလည်း ပိတ်ဆို့မှုများ ပြုလုပ်သွားရန် စဉ်းစားနေလျက် ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်