အိန္ဒိယနိုင်ငံတွင် ရေကြီးမှုဖြစ်ပွားသဖြင့် လူ ၁၀ ဦး သေဆုံး၊ လူဦးရေ ၁ ဒသမ ၅ သန်းနီးပါး ရေဘေးသင့်

၂၇ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း  ဘီဟာပြည်နယ်ရှိ ခရိုင် ၁၁ ခုတွင် ရေကြီးမှုဖြစ်ပွားသဖြင့် လူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး လူဦးရေ ၁ ဒသမ ၅ သန်းနီးပါး ရေဘေးသင့်ခဲ့သည်ဟု ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

 

 

ဒဘ်ဟန်ဂါခရိုင်သည် ရေဘေးသင့်မှု အဆိုးရွားဆုံး ဒေသဖြစ်သဖြင့် လူဦးရေ ၅၃၆၀ဝ၀ မှာ နေအိမ်များမှ စွန့်ခွာထွက်ပြေး သိုမဟုတ် ၎င်းတို့၏ နေအိမ်များအတွင်း ပိတ်မိနေခဲ့သည်ဟု ထိုဌာနက ဆိုသည်။

 

 

မူဇက်ဖာပါခရိုင်တွင် လူပေါင်း ၂၀ဝ၀ဝ၀ ကျော် ရေဘေးသင့်ခဲ့ပြီး အရှေ့ချန်ပါရန်ခရိုင်တွင် လူပေါင်း ၂၇၂၀ဝ၀ ရေဘေးသင့်ခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

အမျိုးသား သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ၁၇ ဖွဲ့နှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ရှစ်ဖွဲ့တို့က ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ကာ လူဦးရေ ၁၃၆၀ဝ၀ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။

 

 

လူ ၁၄၀၁၁ ဦးကို ကယ်ဆယ်ရေးစခန်း ၂၆ ခုတွင် နေရာချထားပေးခဲ့သည်ဟု ထိုဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်များတွင် မြစ်ရေလျှံခြင်း၊ နေရာတော်တော်များများရှိ ရေကာတာများ ကျိုးပေါက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2356