ဒီဇင်ဘာ ၁၀
အိန္ဒိယနိုင်ငံ မြို့တော်မွမ်ဘိုင်းတွင် ယမန်နေ့ညနှောင်းပိုင်းက ဘတ်စ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဖြစ်ပြီး ယာဉ်အများအပြားနှင့်လမ်းသွားလမ်းလာများကိုတိုက်မိရာ ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲအရာရှိတစ်ဦးက ယနေ့ပြောကြားသည်။
အဆိုပါယာဉ်မတော်တဆမှုသည် အမ်ဘတ်ကာနာဂါဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမတော်တဆမှုတွင် ဘတ်စ်ကားယာဉ်မောင်း ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသန္တရဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် အချို့မှာ အခြေအနေစိုးရိမ်ရသဖြင့် သေဆုံးသူဦးရေမြင့်တက်လာဖွယ်ရှိကြောင်း ဖော်ပြထားသည်။
မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို