နယူးဒေလီ ဇန်နဝါရီ ၂၃
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၌ ရထားမတော်တဆဖြစ်မှုကြောင့် သေ ဆုံးသူ ၁၃ ဦးရှိလာသည်ဟု ဇန်နဝါရီ ၂၃ ရက်တွင် ရဲများက ပြောသည်။
အဆိုပါ မတော်တဆမှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိပြီး ၎င်းတို့ထဲမှ ၁၀ ဦးမှာ ဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
သေဆုံးသူ ၁၃ ဦးအနက် ရှစ်ဦး၏ အမည်စာရင်းကိုသာ ရဲများက ဖော်ပြနိုင်သေးသည်။ အချက်ပေး သံကြိုးဆွဲသည့်ဖြစ်ရပ်ကြောင့် ခရီးသည်အချို့ ရထားပေါ်မှဆင်းပြေးမှု ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့သည်။
၎င်းတို့ကို မွမ်ဘိုင်းမြို့ အရှေ့မြောက်ဘက် ၄၂၅ ကီလိုမီတာအကွာ ဂျယ်ဂါအွန်ခရိုင်ဘက်က လာသော အခြားရထားတစ်စင်းက ဖြတ်တိုက်သွားခဲ့သည်။
ရဲများ၏ ကနဦးစစ်ဆေးမှုအရ ရထား၏ အချက်ပေးသံကြိုးကို တစ်စုံတစ်ယောက်က ဆွဲလိုက် ပြီးနောက် ရထား ရုတ်တရက်ရပ်တန့်သွားသည်။
ရထားအတွင်း မီးလောင်မှုဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ခရီးသည်အများအပြားသည် ကပ်လျက်ရှိ ရထားလမ်းပေါ်သို့ ပြေးဆင်းကြသည်။
ထိုစဉ် အခြားရထားတစ်စင်းမှ ဖြတ်တိုက်သွားခြင်းဖြစ်သည်။
မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် ဒီဗန်ဒရာဖတ်နာဗစ်သည် မတော်တဆဖြစ်ရပ်အတွင်း သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများအတွက် ငွေကြေးအကူအညီများပေး မည်ဟု ကြေညာခဲ့သည်။
ဆင်ဟွာ