ဇူလိုင် ၂၀
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မီးရှူးမီးပန်းထုတ်လုပ်သည့်စက်ရုံ ပေါက်ကွဲမှုနှင့် မီးလောင်မှုတွင် သေဆုံးသူဦးရေသည် ကိုးဦးအထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးသည် ဒေသခံဆေးရုံများတွင် ကုသမှုခံယူနေရသည်ဟု သိရသည်။
ယင်းပေါက်ကွဲမှုသည် ဂူဂျာရတ်ပြည်နယ်၏ မြို့တော် ဂန္ဒီနာဂါမြို့၏ တောင်ဘက် ၃၄ ကီလိုမီတာခန့်အကွာရှိ အာမက်ဒါဘတ်ခရိုင် ရာမိုလ်ဒေသတွင် ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ငွေကြေးထောက်ပံ့မှုပေးအပ်မည်ဟု ပြောကြားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


