အိန္ဒိယနိုင်ငံ၌ လှေတစ်စင်းနစ်မြုပ်ခဲ့သဖြင့် သုံးဦးသေဆုံး၊ ၁၇ ဦးပျောက်ဆုံးနေ

ဩဂုတ် ၁၂

 

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်ရှိ မြစ်ထဲတွင် ယမန်နေ့က ကူးတို့လှေတစ်စင်းနစ်မြုပ်ခဲ့ပြီးနောက် အလောင်းသုံးလောင်းရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၁၇ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါလှေတိမ်းမှောက်မှုတွင် လူ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

 

ထိုပြည်နယ်မြို့တော် လက်ခ်နောင်း၏တောင်ဘက် ကီလိုမီတာ ၁၉၅ အကွာခန့်ရှိ ဘန်ဒါခရိုင် ယမုံနာမြစ်ထဲတွင် ယင်းလှေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ လူ ၁၅ ဦးကို ဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့ပြီး  ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း ပျောက်ဆုံးနေသူ ၁၇ ဦးနှင့်ပတ်သက်သည့် သတင်းရရှိမှုမရှိသေးကြောင်းနှင့် ဆယ်ယူရရှိသည့်အလောင်းသုံးလောင်းမှာ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးတို့ဖြစ်ကြောင်း  ဒေသန္တရရဲတပ်ဖွဲ့က ပြောကြားသည်။

 

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ထိုလှေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဟန်ချက်ပျက်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

၎င်းလှေိတိမ်းမှောက်ချိန်က လှေပေါ်တွင် ၃၅ ဦးပါရှိပြီး  မြစ်ထဲမှ ကယ်ဆယ်ရရှိသူ ၁၅ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို