အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၈ ဦး ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၂၄

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်မှု ၃၆၀ ရှိရာ ရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

နိုင်ငံတစ်ဝန်းထိုရောဂါဖြစ်ပွားဆဲလူနာ ၅၈၈၁ ဦး ရှိလာသည်။

အဆိုပါရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ငါးဦးရှိသဖြင့် နိုင်ငံအတွင်း ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၅၃၀၆၀၁ ဦးအထိ ရှိကြောင်း ဖော်ပြထားသည်။

ထိုရောဂါကူးစက်ဖြစ်ပွားသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၁၃၄၀၀၁ ဦးရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို