အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄ သန်းကျော်ရှိလာ

နယူးဒေလီ အောက်တိုဘာ ၃၀

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၃၄၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၄၂၄၆၁၅၇ ဦးအထိ မြင့်တက်လာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၈၀၅ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၄၅၇၁၉၁ ဦး ရှိလာသည်။

ယခု ထပ်မံသေဆုံးသူများအနက် ၇၀၈ ဦးသည် ကီရီလာပြည်နယ်မှဖြစ်သည်။ လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၁၆၁၃၃၄ ဦးရှိကြောင်း သိရသည်။

သို့သော်လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ လူနာ ၁၃၁၉၈ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာသူပေါင်း ၃၃၆၂၇၆၃၂ ဦး ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - အောင်ကျော်ကျော်