အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၅၉ ဦး ထပ်မံတွေ့ရှိ

မေ ၂၀

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၅၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၁၃၁၈၂၂ ဦး အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့်  လူ ၂၀ ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၄၃၂၃ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၅၀၄၄ ဦး ရှိသည်။

 

အဆိုပါကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၅၉၂၄၅၅ ဦး ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို