အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၇၅ ဦး ထပ်မံတွေ့ရှိ

မေ ၂၄

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၇၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၁၄၀၀၆၈ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး ယမန်နေ့မနက်ပိုင်းကအထိ နိုင်ငံတစ်ဝန်းတွင် သေဆုံးသူပေါင်း ၅၂၄၄၉၀ ဦး ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၄၈၄၁ ဦးရှိသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယခုအချိန်အထိ ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၆၀၀၇၃၇ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို