အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၀၄၇ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၁၀ 

 

အိန္ဒိယနိုင်ငံတွင်  တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၀၄၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၁၉၀၆၉၇ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ  ၁၂၈၂၆၁ ဦး ရှိသည်ဟု သိရသည်။ ထိုရောဂါကူးစက်မှုနှင့်ဆက်နွှယ်ပြီး ၅၄ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၆၈၂၆ ဦး ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း  ၄၃၅၃၅၆၁၀ ဦး ရှိသည်။

 

ကိုဗစ်-၁၉ မျိုးကွဲကူးစက်မှုများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရသည်  ကိုဗစ်ရောဂါကူးစက်မှုမှကာကွယ်ရန် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုများကို အရှိန်မြှင့်လုပ်ဆောင်ပေးလျက်ရှိသည်။

 

ပြည်နယ်အသီးသီးရှိ ဒေသန္တရအစိုးရအဖွဲ့များက ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန် ပြည်သူများအား အကြံပြုတိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို