မေ ၇

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရပရာဒေ့ရှ်ပြည်နယ်ရှိ မြစ်တစ်စင်းတွင် လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ သုံး ဦးထက်မနည်း သေဆုံးပြီး သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါလှေတိမ်းမှောက်မှုသည် ဥတ္တရပရာဒေ့ရှ်ပြည်နယ် ဟာမီပူခရိုင်ရှိ ယမုံနာမြစ်တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်အရ လှေတိမ်းမှောက်မှုဖြစ်ပွားချိန်က မိုးရွာသွန်းနေကြောင်းနှင့် လှေမောင်းသူအပါအဝင် လှေပေါ်တွင် လူ ကိုးဦးပါရှိကြောင်း သိရသည်။  

လူ သုံး ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရန် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို