အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၅,၀၀၀ ကျော်ရှိသွားကြောင်း ထုတ်ပြန်

၃၁ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၃၅,၀၀၀ ကျော် ရှိသွားကြောင်း ဒီနေ့ (သောကြာနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

၂၄ နာရီအတွင် သေဆုံးသူ ၇၇၉ ဦး ရှိတဲ့အတွက် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၃၅,၇၄၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာလည်း ၁ ဒသမ ၆၃ သန်းရှိရာ အမေရိကန် နဲ့ ဘရာဇီးနိုင်ငံတို့ ပြီးရင် တတိယမြောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အများဆုံး ဖြစ်ပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စမ်းသပ်မှုဟာ လုံလောက်မှု မရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် ထုတ်ပြန်ထားတဲ့ ပမာဏထက် ပိုများဖွယ်ရှိသလို ဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်သေဆုံးမှုမှာလည်း ထုတ်ပြန်ထားတဲ့ စာရင်းထက်ပိုများနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေ ပြေပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ သုတေသနတွေအရ မွမ်ဘိုင်းမြို့မှာ နေထိုင်သူတွေရဲ့ ၅၇ ရာခိုင်နှုန်းမှာ ရောဂါပိုး ရှိနိုင်ကြောင်းနဲ့ နယူးဒေလီမြို့ ခံလေးပုံတစ်ပုံနီးပါးမှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP