အိန္ဒိယနိုင်ငံ ဒေလီမြို့တော်၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများ မေ ၃၁ ရက်အထိ သက်တမ်း တိုးမြှင့်  ချမှတ်

မေ ၂၄

 

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများကို မေ ၃၁ ရက်အထိ သက်တမ်း တိုးမြှင့်ချမှတ်ခဲ့သည်။

 

မြို့တော်ဒေလီတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၄၉ ဦး ထပ်မံတွေ့ရှိခဲ့သည်။ မြို့တော်အတွင်း လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၇၆၁၀ ရှိသည်။

 

ယမန်နေ့က ထိုမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့်ဆက်စပ်ပြီး သေဆုံးသူ ၁၈၉ ဦး ရှိသည်။ သေဆုံးသူပေါင်း ၂၃၂၀၂ ဦး အထိ များပြားလာသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် နေ့စဉ် သေဆုံးသူဦးရေ ၂၀၀အောက် ဆက်လက် ရှိနေသည်မှာ နှစ်ရက် ဆက်တိုက်ရှိပြီ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို