အိန္ဒိယအာကာသသုတေသနအဖွဲ့က ဂြိုဟ်တု ၃၆ လုံးကို ဂြိုဟ်ပတ်လမ်းထဲသို့ လွှတ်တင်

 

နယူးဒေလီ အောက်တိုဘာ ၂၄

 

အိန္ဒိယအာကာသ သုတေသနအဖွဲ့ (အိုင်အက်စ် အာအို) သည် ၎င်း၏အကြီးဆုံးဒုံးပျံ LVM3 ကို အသုံးပြုပြီး ဂြိုဟ်တု ၃၆ လုံးကို အောက်တိုဘာ ၂၃ ရက် အစောပိုင်းတွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒက်ရှ် ပြည်နယ်တွင်တည်ရှိသည့် ဘင်္ဂလားပင်လယ်အော် ကမ်းခြေရှိ သီရိဟာရီကိုတာကျွန်း၌ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၀၇ မိနစ်တွင် ဆတစ်ဒါဝမ် အာကာသစင်တာ (အက်စ်ဒီအက်စ်စီ) မှ ဂြိုဟ်တုများကို လွှတ်တင်ခဲ့ကြောင်း သိရသည်။ LVM3 M2/ OneWeb India-1 မစ်ရှင်သည် အောင်မြင်စွာ ပြီးဆုံးသွားပြီး ဂြိုဟ်တု ၃၆ လုံးကို သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းထဲသို့ လွှတ်တင်ခဲ့ကြောင်း အိုင်အက်စ်အာအိုက ပြောကြားသည်။

 

အိုင်အက်စ်အာအို၏ အဆိုအရ LVM3-M2 မစ်ရှင်သည် နယူးစပေ့ အိန္ဒိယလီမိတက်မှတစ်ဆင့် နိုင်ငံခြားဖောက်သည် OneWeb အတွက် အထူးစီးပွားရေး မစ်ရှင်တစ်ခုဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဂြိုဟ်တုသည် ယနေ့အချိန်အထိ LVM3 အလေးချိန် ၅၇၉၆ ကီလိုဂရမ်ရှိသည့် အလေးဆုံး သယ်ဆောင်နိုင်သော ဝန်ချိန်အဖြစ် ကမ္ဘာမြေအနိမ့်ဆုံးပတ်လမ်း (အယ်လ်အီးအို) သို့ OneWeb ဂြိုဟ်တု ၃၆ လုံးပါသည့် ပထမဆုံး ဂြိုဟ်တုပေါင်းများစွာ ပါဝင်သည့် မစ်ရှင်တစ်ခုဖြစ်ကြောင်း အိုင်အက်စ် အာအိုက ပြောကြားသည်။

 

ဆင်ဟွာ