အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတွင် အစိုးရ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ သုံးဦး သေဆုံး

၁၇ ဇူလိုင်

 

 

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတွင် ဇူလိုင် ၁၇ ရက်က အစိုးရ တပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွသုံးဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

 

အစိုးရတပ်များက စစ်သွေးကြွများ Nagnad-Chimmer ကျေးရွာတွင် ရှိနေကြောင်း တိကျသည့် သတင်းရရှိသဖြင့် ထိုရွာကို ပိတ်ဆို့ခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

 

အစိုးရ တပ်ဖွဲ့များက ယင်းကျေးရွာအနီးသို့ ချဉ်းကပ်ခဲ့ပြီး ပစ်ခတ်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

 

 

၎င်းပစ်ခတ်မှုများကြောင့် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

 

စစ်သွေးကြွများနှင့် အစိုးရတပ်ဖွဲ့ များအကြား ပစ်ခတ်မှုများသည် ထိုဒေသတွင် ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။

 

 

ထိုဒေသတစ်လျှောက်တွင် ယခုနှစ်အစပိုင်း မှစတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် စစ်သွေးကြွ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

အိန္ဒိယအစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော စစ်သွေးကြွ အုပ်စုများသည် ၁၉၈၉ ခုနှစ်နောက်ပိုင်း ထိုဒေသတွင် အိန္ဒိယတပ်များနှင့် ဖြစ်ပွားသော ပြောက်ကျားတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို