ဝါရှင်တန် မတ် ၁၄
ဥရောပသမဂ္ဂ(အီးယူ)က အမေရိကန် ဝီစကီများအပေါ်တွင် ဧပြီ ၁ ရက်မှစတင်ကာ အခွန်စည်းကြပ်ရန် ရည်ရွယ်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပဝိုင်နှင့် ရှမ်ပိန်များအပေါ်တွင် အခွန် စည်းကြပ်မှု ၂၀၀ ရာခိုင်နှုန်း ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဝီစကီအပေါ်တွင် အခွန် စည်းကြပ်မှု ၅၀ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂက ရုပ်သိမ်းရန် ပျက်ကွက်ခဲ့ပါက ဥရောပ အရက် တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုပြုလုပ်သွားမည်ဟု ထရမ့်က မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ အဖွဲ့ကြီးအား ရန်လိုမှုအရှိဆုံးနှင့် အခွန်ကောက်ခံမှုဆိုင်ရာ အလွဲသုံးစား လုပ်သူများဟု ထရမ့်က စွပ်စွဲခဲ့သည်။
အမေရိကန်သည် ပြင်သစ်ဝိုင် ထုတ်လုပ်သူများအတွက် အကြီးဆုံးဈေးကွက်ကြီးဖြစ်ကြောင်း ပြင်သစ်ဝိုင် အဖွဲ့အစည်း က ပြောသည်။ အမေရိကန်ကအပြုအမူအပေါ် စိတ်ပျက်မိကြောင်း ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး လောရင့်စိန့်မာတင်က ပြောသည်။
ထရမ့်သည် ၎င်းကိုယ်တိုင် စတင်ခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်လျက်ရှိကြောင်း၊ ပြင်သစ်နှင့် လုပ်ဖော်ကိုင်ဖက် များသည် ထရမ့်၏ ခြိမ်းခြောက်မှုကို လက်လျှော့မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။ ကနေဒါနိုင်ငံသည်လည်း ထရမ့်၏ ပရမ်းပတာကုန်သွယ်ရေးအတွက် စိတ်ပျက်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ