အီတလီသမ္မတ ဆာဂျီယိုမတ်တာရယ်လာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရ

ရောမ   ဇန်နဝါရီ   ၃၁

အီတလီနိုင်ငံမှ ပါတီများသည် သမ္မတဟောင်း ဆာဂျီယိုမတ်တာရယ်လာကို နောက်ထပ် သမ္မတ သက်တမ်းအတွက် ပြန်လည်မဲပေးရွေးချယ်ခဲ့သည်ဟု သိရသည်။

၎င်း၏နေရာတွင် ဆက်ခံမည့်သူ ရွေးချယ်ရင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ရှောင်ရှားနိုင်ခဲ့သည်။ အီတလီနိုင်ငံသည် ယူရိုဇုန်တွင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံလည်းဖြစ်သည်။

ဆာဂျီယိုမတ်တာရယ်လာသည် မဲအရေအတွက် ၅၀၅ မဲထက် ကျော်လွန်ရရှိရန် လိုအပ်သည်။ ၎င်းသည် မဲအရေအတွက် ၇၅၉ ရရှိခဲ့ပြီး နောက်ထပ်သမ္မတသက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။

၎င်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီ ၃ ရက်တို့တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဟု မျှော်မှန်းထားသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည်လည်း တွစ်တာပေါ် တွင် အီတလီသမ္မတအတွက် ဂုဏ်ယူ ကြောင်း ရေးသားခဲ့သည်။

အေအက်ဖ်ပီ