အီသီယိုပီးယားနှင့် အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုတွင် တူညီမှုများ တွေ့ရှိ

အဒစ်အဘာဘာ ၁၉  မတ် 

 

အင်ဒိုနီးရှားနှင့် အီသီယိုပီးယားတို့၌ ပျက်ကျခဲ့သော ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်များတွင် တူညီသည့်အချက်များရှိနေ ကြောင်း၊ လေယာဉ်ပျံသန်းမှုမှတ်တမ်းများက ဖော်ပြလျက်ရှိသည်ဟု အီသီယိုပီးယားမှ မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ကုမ္ပဏီဘက်မှ စက်ရပ်တန့်မှုဖြေရှင်းရေးစနစ်ဆော့ဝဲလ်ကို အဆင့်မြှင့်တင်မည့်အစီအစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်ပျံသန်းရေး ညွှန်ကြားမှုဌာနကိုလည်း ဖိအားများ မြင့်တက်နေသည်။

 

အဆိုပါ လေယာဉ်အမျိုးအစားများသည် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အာမခံချက်ရအောင် လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သော်လည်း ဖိအားများအောက်ရှိနေဆဲ ဖြစ်သည်။ ဘိုးရင်း ၇၃၇ မက်စ်လေယာဉ် အမျိုးအစားသည် အမေရိကန်လေကြောင်း ညွှန်ကြားမှုဌာနချုပ် အက်ဖ်အေအေ၏ အစီအစဉ်အတိုင်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုချက်ရ အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အေဂျင်စီဘက်မှ ပြောသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး လုံခြုံစိတ်ချရမှုရှိသည့် ဒီဇိုင်းပုံစံအတိုင်းလေယာဉ်ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု အေဂျင်စီဘက်မှ ပြောသည်။ သို့သော် အီသီယိုပီးယားနိုင်ငံ၌ မတ် ၁၀ ရက်က ပျက်ကျခဲ့သောလေယာဉ်နှင့် အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာလအတွင်း ပျက်ကျခဲ့သော လိုင်းယွန်းအဲလေယာဉ်တို့မှာ ဖြစ်စဉ်တူညီမှုများရှိနေသည်ဟု အစီရင်ခံထားသည်။

 

အီသီယိုပီးယားလေယာဉ်ပျက်ကျမှုကြောင့် ၁၅၇ ဦးခန့်သေဆုံးခဲ့ရပြီး အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုတွင်လူပေါင်း ၁၈၉ ဦး သေဆုံးခဲ့ရသည်။ ဆယ်စုနှစ်များစွာအတွင်း ဘိုရင်းကုမ္ပဏီအတွက် ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ၇၃၇ မက်စ် လေယာဉ်အမျိုးအစားသည် ပုံစံသစ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလအတွင်းမှ စတင်ကာ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ အီသီယိုပီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒတ်မဝတ်မိုဂီက လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းများအရ အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုနှင့် တူညီမှုများရှိနေကြောင်း မတ် ၁၇ ရက်က ပြောသည်။

 

အေအက်ဖ်ပီ